နောဧဖွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။
လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ်စေ့သော် သေလေ၏။
ရှေသကို ဖွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။