လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊
မသုရှလသည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။
ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘ နောဧ၊ နောဧအဘ လာမက်၊-