Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 49:8

Judson Bible

အို​ယု​ဒ၊ သင်​သည်​ညီ​အစ်​ကို​တို့ ချီး​မွမ်း​ရ​သော​သူ​ဖြစ်​၏။ သင်၏​လက်​သည် သင်၏​ရန်​သူ​လည်​ပင်း​ပေါ်​မှာ ရှိ​လိမ့်​မည်။ အ​ဘ၏​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ချ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ငါ​ချီး​မွမ်း​မည်​ဟု ဆို​သည်​ဖြစ်၍၊ ထို​သား​ကို ယု​ဒ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​နောက်၊ သား​ပြတ်၍​မ​ဖွား​ဘဲ​နေ၏။

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

အ​ကျွန်ုပ်​ကို မုန်း​သော ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍ ဖျက်​ဆီး​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ၏။

ယွာ​ဘ​သည်​လည်း လူ​ပေါင်း​စာ​ရင်း​ကို ရှင်​ဘု​ရင်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ ရှစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ငါး​သိန်း ရှိ​ကြ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

ယု​ဒ​သည်​လည်း ညီ​အစ်​ကို​တို့​တွင်​လွန်​ကဲ၍ သူ၏​အ​မျိုး​ထဲ​က မင်း​ဖြစ်​တတ်​သော်​လည်း၊ သား​ဦး​အ​ရာ​ကို​မ​ရ၊ ယော​သပ်​ရ၏။

အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။

ယု​ဒ​ပြည်​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ တပ်​သား​များ​ကို​ထား၏။ ယု​ဒ​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ပြည်​မှာ ခ​မည်း​တော် အာ​သ​တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ မြို့​စောင့်​တပ်​ကို အ​သီး​အ​သီး​ခန့်​ထား၏။

သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။

ယု​ဒ​ပြည်​မှာ ဘု​ရား​သ​ခင်​ကို သိ​ကြ၏။ ဣ​သ​ရေ​လ​တိုင်း​မှာ နာ​မ​တော်​သည် ကြီး​မြတ်​လေ၏။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

သူ​တို့​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ရည်​မှတ်၍​မိန့်​တော်​မူ​သော​စ​ကား​ကို ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်၍ အ​ပြစ်​ဒဏ်​ခံ​ရ​သော​အ​ခါ၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော အ​ဓ​မ္မ​လူ​တို့၏ လည်​ပင်း​ပေါ်​မှာ၊ သင့်​ကို နေ​ရာ​ကျ​စေ​ခြင်း​ငှာ၊ သင့်​အ​ဖို့ အ​ချည်း​နှီး​သော​အ​ရာ​ကို​ကြည့်​မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​စဉ်​တွင်၊ ဓား​တော်​သည် လုပ်​ကြံ​ဖို့​ရာ ထုတ်​လျက်​ရှိ၏။ ဖျက်​ဆီး​ဖို့​ရာ အ​ရောင်​တောက်​သည်​တိုင်​အောင် ပြောင်​စွာ​ပွတ်​လေ​ပြီ။

အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​ကြ၏။

ယု​ဒ​တပ်​အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည်၊ အ​လံ​နှင့်​တ​ကွ ရှေ့​ဦး​စွာ​ချီ​သွား​ကြ၏။ ယု​ဒ​တပ်​ကို၊ အ​မိ​န​ဒပ်​သား​နာ​ရှုန် အုပ်​ရ၏။

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။

ဤ​သူ​တို့​သည်​ယု​ဒ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခု​နစ်​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။

ယု​ဒ​အ​မျိုး​ကို​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယု​ဒ​စ​ကား​သံ​ကို​နား​ထောင်၍ သူ့​ကို အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​ပါ။ မိ​မိ​လက်​တို့​သည် မိ​မိ​အ​ဖို့ တန်​ပါ​စေ​သော။ သူ့​ကို ရန်​သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။

မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။

ယော​ရှု​ထံ​သို့​ရောက်​ပြီး​မှ၊ ယော​ရှု​သည် မိ​မိ​နှင့်​အ​တူ စစ်​ချီ​သော ဗိုလ်​မင်း​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​ကို​ခေါ်​လျှင်၊ ချဉ်း​လာ​ကြ။ ဤ​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ​ဟု ဗိုလ်​မင်း​တို့​အား​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ချဉ်း​လာ၍ ထို​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ၏။

ဤ​ရွေ့​ကား၊ ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​မြေ ဖြစ်​သ​တည်း။

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-

တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ