Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 49:4

Judson Bible

သို့​သော်​လည်း ရေ​ကဲ့​သို့ ပွက်​ထ​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ ထူး​မြတ်​ခြင်း​သို့ မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​ဘ၏​အိပ်​ရာ​ကို​တက်​၍ ညစ်​ညူး​စေ၏။ ငါ့​ခု​တင်​ထက်​သို့ တက်​လေ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌​နေ​သော​အ​ခါ၊ ရု​ဗင်​သည်​သွား၍ အ​ဘ၏​မ​ယား​ငယ်၊ ဗိ​လ​ဟာ​နှင့်​အိပ်​လေ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​ကြား၏။

အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ကား၊ ယာ​ကုပ်​နှင့် သူ၏​သား​များ။ သား​ဦး​ရု​ဗင်။

ရု​ဗင်​သည် ဣ​သ​ရေ​လ၏​သား​ဦး​ဖြစ်​သော်​လည်း၊ အ​ဘ​အိပ်​ရာ​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သား​ဦး​အ​ရာ​ကို​နုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​အား​ပေး​သည်​ဖြစ်၍၊ သား​စဉ် မြေး​ဆက်​တို့​ကို​မှတ်​သော​အ​ခါ၊ သား​ဦး​အ​ရာ​ကို​လိုက်၍ မ​မှတ်​ရ။

မ​တ​ရား​သော​မေ​ထုန် သာ​မ​ည​မ​ဟုတ်၊ အ​ဘ၏​မ​ယား​ကို သိမ်း​ယူ​ခြင်း​တည်း​ဟူ​သော သာ​သ​နာ​ပ​လူ​တို့​တွင်​ပင် မ​ကြား​ရ​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ​သည် သင်​တို့​တွင် ရှိ​ကြောင်း​ကို အ​နှံ့​အ​ပြား​ကျော်​စော​ကြ၏။-

အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

ရု​ဗင်​အ​မျိုး​မ​သေ၊ အ​သက်​ရှင်၍ သူ၏​လူ​တို့​သည် များ​ပါ​စေ​သော။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။-

ထို​စာ​တို့၌ ခက်​ခဲ​သော အ​ရာ​အ​ချို့​ရှိ၏။ မ​တတ်​သော​သူ၊ တည်​ကြည်​ခြင်း​မ​ရှိ​သော သူ​တို့​သည်၊ ထို​အ​ရာ​မှ​စ၍ ကြွင်း​သော​ကျမ်း​စာ၏ အ​နက်​ကို မှောက်​လှန်၍၊ ကိုယ်​ကို​ကိုယ် ဖျက်​ဆီး​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ