Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 49:27

Judson Bible

ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။

ဗင်္ယာ​မိန်​သား။ ဗေ​လ၊ ဗေ​ခါ၊ အာ​ရှ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။

သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။

ထို​ကြောင့်၊ တော​မှ​လာ​သော ခြင်္သေ့​သည် သူ​တို့​ကို​သတ်​လိမ့်​မည်။ ညဉ့်​ဦး​ယံ၌ လည်​တတ်​သော တော​ခွေး​သည် သူ​တို့​ကို ကိုက်​စား​လိမ့်​မည်။ ကျား​သစ်​သည် သူ​တို့​မြို့​ကို​စောင့်၍၊ မြို့​ပြင်​သို့ ထွက်​သွား​သော​သူ အ​ပေါင်း​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြစ်​မှား​သော အ​ပြစ်​များ၍၊ အ​ကြိမ်​ကြိမ် အ​ထပ်​ထပ် ဖောက်​ပြန်​ကြ​ပြီ။

ထို​ပြည်​အ​လယ်၌ ပ​ရော​ဖက်​တို့​သည် သင်း​ဖွဲ့​ခြင်း​ကို ပြု​ကြ​ပြီ။ ဟောက်၍ အ​ကောင်​ကို​ကိုက်​ဖြတ်​သော ခြင်္သေ့​ကဲ့​သို့ လူ​တို့​ကို ကိုက်​စား​ကြ၏။ ဘ​ဏ္ဍာ​များ​နှင့် အ​ဖိုး​ထိုက်​သော​ဥ​စ္စာ​များ​ကို လု​ယူ​ကြ၏။ ပြည်​အ​လယ်၌ မု​ဆိုး​မ​တို့​ကို များ​ပြား​စေ​ကြ၏။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊

ဤ​လူ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့ ထ​လိမ့်​မည်။ ခြင်္သေ့​ပျို​ကဲ့​သို့ ထွက်​လိမ့်​မည်။ ဖမ်း​မိ​သော​အ​ကောင်​ကို မ​စား​မီ၊ သတ်​အပ်​သော​တိ​ရ​စ္ဆာန်​အ​သွေး​ကို မ​သောက်​မီ​တိုင်​အောင် ငြိမ်​ဝပ်​စွာ​မ​နေ​ဟု မြွက်​ဆို၏။

ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ခိ​သ​လုန်​သား ဧ​လိ​ဒဒ်။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊-

ဗင်္ယာ​မိန်​အ​မျိုး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် အ​ထံ​တော်​ပါး​တွင် လုံ​ခြုံ​စွာ​နေ​ရ​လိမ့်​မည်။ သူ့​ကို အ​စဉ်​အ​မြဲ​ဖုံး​လွှမ်း၍ သူ၏​ပ​ခုံး​ကြား​မှာ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။

ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။-

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က​ထွက်​ပြီး​လျှင်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို မြေ​ပေါ်​မှာ​လှဲ၍ သတ်​ကြ၏။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က ထွက်​ပြီး​လျှင်၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ဣ​သ​ရေ​လ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို မြေ​ပေါ်၌​လှဲ၍ သတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ