ထိုမှတစ်ပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။
လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။
သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကိုလည်းကောင်း၊
ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊
ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအမွေခံရသော မြေအပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကိုယူရမည်။
အာရဇ်ပင်အရပ်နှင့်အမျှမြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသော အာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါပယ်ရှား၍၊ အထက်၌ သူ၏အသီးကိုလည်းကောင်း၊ အောက်၌ သူ၏အမြစ်ကိုလည်းကောင်း ငါဖျက်ဆီးပြီ။
ယာကုပ်သည် မိမိသားယောသပ်အား ပေးသော မြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။-
မုန်းသောမယား၏သားသည် သားဦးဖြစ်သည်ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည်အဘ၏ ခွန်အားအစဦးဖြစ်၏။ သားဦးအရိုက်အရာနှင့် ဆိုင်ပေ၏။
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတစ်ပိဿာနှင့် ယာကုပ်ဝယ်သောရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။
ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။