Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 48:19

Judson Bible

အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဣ​ဇာက်​သည်၊ ဧ​သော​ပေး​သော​အ​မဲ​သား​ကို​စား​လေ့​ရှိ​သော​ကြောင့် သူ့​ကို​ချစ်​၏။ ရေ​ဗ​က္က​မူ​ကား ယာ​ကုပ်​ကို​ချစ်၏။

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင့်​အ​ဘ၏ ဘု​ရား​သ​ခင်​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ငါ​သည် ထို​ပြည်၌ သင့်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။

မ​နာ​ရှေ​သည်​သား​ဦး​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​သည် မိ​မိ​လက်​တို့​ကို​ဆန့်၍ လိ​မ္မာ​စွာ​ပဲ့​ပြင်​လျက်၊ အ​သက်​ငယ်​သော​သူ​ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပြီး​လျှင်၊ လက်​ဝဲ​လက်​ကို မ​နာ​ရှေ၏​ခေါင်း​ပေါ်​မှာ​တင်၏။

မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

ပေ​ရ​သိ​လူ၊ လု​ဒ​လူ၊ ဖု​တ​လူ​တို့​သည် သင်၏​တပ်​သား၊ စစ်​သူ​ရဲ လုပ်​ကြ၏။ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို ပြင်​ဆင်၍၊ သင်၏​ဂုဏ်​အ​သ​ရေ​ကို ထင်​ရှား​စေ​ကြ၏။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

အာ​ရှာ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊-

ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန် အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ် ခြင်း​ကို​ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ