မဟုတ်ပါအဘ။ ဤသူသည်သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပါဟုဆိုလျက် အဘ၏လက်ကို ဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ်သို့ ပြောင်းခြင်းငှာချီလေ၏။
လောတကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။
ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊
လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကိုမပေးစားမီ၊ အငယ်ကိုမပေးစားရ။
ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
အဘသည်လက်ယာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာတင်သည်ကို ယောသပ်မြင်လျှင်၊ အားမရသည်ဖြစ်၍၊
အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏။
အိုရုဗင်၊ သင်သည် ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွတ်၊ တန်ခိုးအထွတ်ဖြစ်၏။
ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအားဝတ်ပြုကြဟု မိန့်တော်မူသဖြင့်၊ သူတို့ကိုအထံတော်မှ နှင်ကြလေ၏။
ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထိုကြောင့် ဆီရောင်းသောသူ ရှိရာသို့ သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။-
ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တစ်ရံတစ်ခါမျှ မစားဖူးပါဟု ပြောဆို၏။-
ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တစ်ရံတစ်ခါမျှမဝင်ဖူးပါ ဟုပြောဆို၏။-