Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:9

Judson Bible

ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အာ​ဖာ​ဇဒ်​ဖွား​မြင်​သော​နောက်၊ ရှေ​မ​သည် အ​နှစ်​ငါး​ရာ​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို​မြင်​လေ၏။

ဣ​ဇာက်​အ​သက်​သည် အ​နှစ်​တစ်​ရာ​ရှစ်​ဆယ်​ပြည့်​စုံ​သည်​ရှိ​သော်၊

ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ဆယ်​ခု​နစ်​နှစ်​အ​သက်​ရှင်၍ အ​သက်​နှစ်​ပေါင်း တစ်​ရာ​လေး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊

မ​သု​ရှ​လ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​ကိုး​နှစ်​စေ့​သော် သေ​လေ၏။

ထို​သို့​ယော​သပ်​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ အ​လောင်း​ကို​ကား၊ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်၌ တ​လား​နှင့်​ထား​ကြ​လေ၏။ ရှင်မော​ရှေ​စီ​ရင်​ရေး​ထား​သော ကမ္ဘာဦးကျမ်း​ပြီး၏။

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။

လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​ဧည့်​သည် နေ​ရာ​အိမ်​တွင် အ​ထုံး​အ​ဖွဲ့​တော်​တို့​သည် အ​ကျွန်ုပ်​သီ​ချင်း​ဆို​ရာ​အ​ကြောင်း ဖြစ်​ကြ​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။

အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။

အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။

သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။

ဖာ​ရော​ဘု​ရင်​ထံ၌​လျှောက်​ကြ​သော​အ​ခါ၊ မော​ရှေ၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​ရှိ၏။ အာ​ရုန်၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​သုံး​နှစ်​ရှိ၏။

ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊-

မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​အ​ခါ အ​သက်​တစ်​ရာ​နှစ်​ဆယ် ရှိ၏။ သူ၏​မျက်​စိ မ​မှုန်​သေး။ ခွန်​အား​လည်း မ​လျော့​သေး။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​ဘ​ဝ၌ အ​မြဲ​တည်​သော​မြို့ မ​ရှိ၊ နောက်​ဖြစ်​လ​တ္တံ့​သော​မြို့​ကို ရှာ​ကြ၏။-

နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။-

ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။

ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ