Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:7

Judson Bible

ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊

ထို​နောက်​ယာ​ကုပ်​သည် အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​တည်း​ခို​ရာ၊ မံ​ရေ​အ​ရပ်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော​ကိ​ရ​ယ​သာ​ဘ​မြို့၌​နေ​သော၊ အ​ဘ​ဣ​ဇာက်​ထံ​သို့ ရောက်​လေ၏။

ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။

ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊

ယွာ​ဘ​သည်​လည်း မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် အ​သ​နား​တော်​ခံ​သည်​အ​တိုင်း အ​ရှင်​မင်း​ကြီး ပြု​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ကြောင်း​ကို ကျွန်​တော်​သိ​ပါ​သည်​ဟု ကျေး​ဇူး​တော်​ကို ဝန်​ခံ​လေ၏။

လူ​အ​ပေါင်း​တို့​သည်​လည်း ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင်​ကူး​ပြီး​မှ၊ ဗာ​ဇိ​လဲ​ကို​နမ်း၍ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​သွား၏။

မိ​မိ​ရန်​သူ ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည်​စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ၊ မိ​မိ​သား​ယော​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ယော​ရံ​သည် ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား​တို့​ကို ဆောင်​လျက်​လာ၏။

ရှင်​ဘု​ရင်၏​ကျွန်​တို့​သည်​လည်း တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍ ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်၏​နာ​မ​ကို ခ​မည်း​တော်၏​နာ​မ​ထက် သာ၍​ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ခ​မည်း​တော်၏ ရာ​ဇ​ပ​လ္လင်​ထက် သာ၍ ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​သည် သာ​လွန်​တော်​ပေါ်​မှာ​ဦး​ချ​လျက်၊

ရှစ်​ရက်​မြောက်​သော​နေ့၌ လူ​များ​တို့​ကို လွှတ်​လိုက်​တော်​မူ၏။ သူ​တို့​သည် ရှင်​ဘု​ရင်​ကို ကောင်း​ချီး​ပေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဒါ​ဝိဒ်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့်၊ ဝမ်း​မြောက်​ရွှင်​လန်း​လျက် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍ သင်၏​ခါး​ကို စည်း​လော့။ ငါ့​တောင်​ဝှေး​ကို​ကိုင်၍ သွား​လော့။ လမ်း​မှာ သူ​တစ်​ပါး​တွေ့​လျှင် နှုတ်​မ​ဆက်​နှင့်။ သင့်​ကို သူ​တစ်​ပါး​နှုတ်​ဆက်​လျှင် ပြန်၍​မ​ပြော​နှင့်။ ငါ့​တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​လော့​ဟု မှာ​ထား​လေ၏။

သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။

ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။

ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ