Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:4

Judson Bible

ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​အ​မျိုး​အ​နွယ်​သည်၊ သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌​ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး​ခံ​ရ​ကြ​လိမ့်​မည်​ကို အ​မှန်​သိ​မှတ်​လော့။

ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊

အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။

ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။

ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့ ရောက်​လာ​ကြ​သည်​ဖြစ်၍၊

ဣ​သ​ရေ​လ​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍၊ ယာ​ကုပ်​သည် ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ တည်း​ခို၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​သည် အ​ထက်​က အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​အံ့​သော​ငှာ သွား​ကြ၏။ နောက်​မှ အာ​ရှု​ရိ​လူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ ညှဉ်း​ဆဲ​ကြ၏။

ခါ​နာန်​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ရှိ၍ ငါ​တို့​အ​ဘ​များ၌ စား​စ​ရာ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​မှာ ဆန်​စ​ပါး​ရှိ​သည်​ဟု ယာ​ကုပ်​သည်​ကြား​လျှင်၊-

သင်၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌ ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး ခံ​ရ​ကြ​လိမ့်​မည်။-

သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ