ကမ္ဘာဦး 47:31Judson Bibleငါ့အားကျိန်ဆိုခြင်းကိုပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဖို့ငါတူးဖူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကိုကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကိုသင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့ဟုဆို၏။
ရှင်ဘုရင်၏ကျွန်တို့သည်လည်း တို့အရှင်ဒါဝိဒ်မင်းကြီးကို ကောင်းချီးပေးခြင်းငှာ သွား၍ ဘုရားသခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမထက် သာ၍ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက် သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာဦးချလျက်၊