Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:30

Judson Bible

ငါ​သည်​ဘိုး​ဘေး​နှင့်​အ​တူ အိပ်​ချင်​ပါ၏။ အဲ​ဂု​တ္တု​ပြည်​မှ ငါ့​ကို​ဆောင်​သွား၍ သူ​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ရ​မည်​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ အ​ဘ​ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဝန်​ခံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ထို​သို့​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​အ​ရပ်၌​ရှိ​သော​ဧ​ဖ​ရုန်၏​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​နှင့် သစ်​ပင်​များ၊ ပတ်​ဝန်း​ကျင်​သစ်​ပင်​များ​ကို​လည်း​ကောင်း၊

ထို​နောက်​မှ​အာ​ဗြ​ဟံ​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်​မြေ​တွင်း၌ မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ရ​လေ၏။ ထို​အရပ်​ကား၊ ခါ​နာန်​ပြည် ဟေ​ဗြုန်​အ​ရပ်​ဖြစ်​သ​တည်း။

ဟေ​သ​အ​မျိုး​သား​တို့​အား အ​ဖိုး​ပေး၍ အာ​ဗြ​ဟံ​ဝယ်​သော​လယ်​ပြင်၌၊ အာ​ဗြ​ဟံ​နှင့် မ​ယား​စာ​ရာ​တို့​ကို သင်္ဂြိုဟ်​ကြ​သ​တည်း။

သား​ဣ​ဇာက်​နှင့် ဣ​ရှ​မေ​လ​တို့​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ ဟိ​တ္တိ​အ​မျိုး​သား၊ ဇော​ရ​သား​ဧ​ဖ​ရုန်၏​လယ်​ပြင်​တွင်၊ မ​ပ္ပေ​လ​မြေ​တွင်း၌ အ​ဘ​ကို​သင်္ဂြိုဟ်​ကြ​၏။

အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။

တစ်​ဖန်​တုံ၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျိန်​ဆို​စေ၏။

ကိုယ်​တော်​ကျွန်​သည် နေ​ရင်း​မြို့​တွင် မိ​ဘ​သင်္ချိုင်း​နား​မှာ သေ​ရ​မည်​အ​ကြောင်း၊ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​ကျွန်​ခိ​မ​ဟံ ရှိ​ပါ၏။ အ​ရှင်​မင်း​ကြီး​နှင့်​အ​တူ လိုက်​စေ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း သူ၌​ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

အာ​သ​ဟေ​လ၏​အ​လောင်း​ကို​ထမ်း​သွား၍ ဗက်​လင်​မြို့၌​ရှိ​သော သူ့​အ​ဘ၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး​သွား၍၊ မိုး​လင်း​စ​တွင် ဟေ​ဗြုန်​မြို့​သို့​ရောက်​ကြ၏။

ဤ​မည်​သော​အ​ရပ်၌ မုန့်​ကို​မ​စား​နှင့်။ ရေ​ကို​မ​သောက်​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​အ​ရပ်​သို့ ပြန်​လာ၍ မုန့်​နှင့်​ရေ​ကို စား​သောက်​သော​ကြောင့်၊ သင်၏​အ​လောင်း​သည် ဘိုး​ဘေး​တို့၏​သင်္ချိုင်း​သို့ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို အော်​ဟစ်၍​ဆင့်​ဆို၏။

ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ