Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:22

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​မြေ​ကို​ကား​မ​ဝယ်။ သူ​တို့​သည် ဖာ​ရော​မင်း​ကျွေး​မွေး​သည်​အ​တိုင်း ကျွေး​မွေး​သော​အ​စာ​ကို​စား​ရ​ကြ၏။ ထို​ကြောင့် မိ​မိ​တို့​မြေ​ကို​မ​ရောင်း​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊

ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။

အ​စာ​ခေါင်း​ပါး​သော​နှစ်​မ​ရောက်​မီ၊ ယော​သပ်​သည် ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​တွင် သား​နှစ်​ယောက်​တို့​ကို မြင်​ရ၏။

လူ​တို့​ကို​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​စွန်း​မှ​သည် တစ်​စွန်း​တိုင်​အောင် မြို့​တို့​သို့​ပြောင်း​စေ၏။

ယော​သပ်​က​လည်း၊ သင်​တို့​နှင့်​သင်​တို့​မြေ​ကို ဖာ​ရော​မင်း​ဖို့​ယ​နေ့​ငါ​ဝယ်​ပြီ။ မျိုး​စေ့​ကို​ယူ၍ လယ်​လုပ်​ကြ​လော့။

ထို​ကြောင့် ဖာ​ရော​မင်း​မ​ပိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​မြေ​ကို​ထား၍၊ ဖာ​ရော​မင်း​သည် ငါး​ဖို့​တွင်​တစ်​ဖို့​ကို​ပိုင်​တော်​မူ​စေ​ဟု ယ​နေ့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌​တည်​သော​ဓ​မ္မ​သတ်​ကို ယော​သပ်​စီ​ရင်၍​ထား​သ​တည်း။

ယော​ယ​ဒ၏​သား​ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။ ဒါ​ဝိဒ်၏​သား​တော်​တို့​သည်​လည်း မင်း​သား​အ​ရာ​နှင့် နေ​ကြ၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​စောင့် တစ်​စုံ​တစ်​ယောက်၌​မျှ ငွေ​တော်​ကို မ​ခွဲ​စေ​နှင့်။ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ခံ​မ​ယူ​စေ​နှင့်​ဟု ငါ​မှာ​လိုက်၏။

အ​မှု​တော်​စောင့်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​လယ်​ယာ​သို့ ပြေး​သွား​ကြ​သည်​ကို ငါ​ထောက်၍၊ သူ​တို့​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို မ​ခံ​မ​ရ​ကြောင်း​ကို ငါ​ရိပ်​မိ​လျက်၊

လမ်း​ခ​ရီး​ဖို့ လွယ်​အိတ်၊ အင်္ကျီ​နှစ်​ထည်၊ ခြေ​နင်း​တောင်​ဝှေး​ကို မ​သို​မှီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် ကျွေး​မွေး​ခြင်း​ကို ခံ​ထိုက်​ပေ၏။-

ဓ​မ္မ​ကိ​စ္စ​အ​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​ကို အ​မှီ​ပြု၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ မ​သိ​ကြ​သ​လော။-

နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-

မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လေ​ဝိ​သား​တို့​ကို မ​မေ့​လျော့​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​အ​ခါ၊ အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။-

ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ