လူတို့ကိုကား၊ အဲဂုတ္တုပြည်တစ်စွန်းမှသည် တစ်စွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။
ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖာရောမင်းဖို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည်မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကိုရောင်းကြသဖြင့် မြေသည်ဘဏ္ဍာတော်ဖြစ်လေ၏။
ယဇ်ပုရောဟိတ်တို့ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖာရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကိုမရောင်းရကြ။