Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:15

Judson Bible

အဲ​ဂု​တ္တု​ပြည်၊ ခါ​နာန်​ပြည်၌​ငွေ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည် ယော​သပ်​ထံ​သို့​လာ၍ စား​စ​ရာကို ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ငွေ​ကုန်​သော်​လည်း ရှေ့​တော်၌ အ​ဘယ်​ကြောင့်​သေ​ရ​ပါ​အံ့​နည်း​ဟု လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ရောက်​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​စား​စ​ရာ​ဖို့ သို​ထား​လျက်​ရှိ​နှင့်၍ အ​စာ​ခေါင်း​ပါး​သော​ကာ​လ​တွင် ပြည်​တော်​မ​ပျက်​ရ​ဟု ဖာ​ရော​မင်း​အား​လျှောက်​လေ၏။

ယော​သပ်​က၊ ငွေ​ကုန်​လျှင် တိ​ရ​စ္ဆာန်​များ​ကို​ပေး​ကြ။ တိ​ရ​စ္ဆာန်​အ​တွက် စ​ပါး​ကို​ပေး​မည်​ဟု​ဆို​သည်​အ​တိုင်း၊

အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။-

သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊

ထို​အ​ရပ်​က ပေ​နွေ​လ​မြို့​သို့ သွား၍၊ သူ​တို့​အား ထို​နည်း​တူ​တောင်း​သော်​လည်း၊ သု​ကုတ်​မြို့​သား​တို့ ပြန်​ပြော​သည်​နည်း​တူ၊ ပေ​နွေ​လ​မြို့​သား​တို့​သည် ပြန်​ပြော​ကြ၏။

သို့​ဖြစ်၍ ကိုယ်​တော်​လက်၌​ရှိ​သော မုန့်​ငါး​လုံး​ကို​သော်​လည်း​ကောင်း၊ တွေ့​သ​မျှ​ကို​သော်​လည်း​ကောင်း၊ ကျွန်ုပ်​လက်​သို့​အပ်​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​အား​တောင်း၏။

ကိုယ်​တော်၏ လု​လင်​တို့​ကို မေး​မြန်း​ပါ​တော့။ သူ​တို့​သည် ပြော​ကြ​လိမ့်​မည်။ ထို​ကြောင့် ကျွန်ုပ်၏​လု​လင်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ကြ​ပါ​စေ။ အ​ကျွန်ုပ်​တို့​သည် မင်္ဂ​လာ​နေ့၌ ရောက်​ပါ၏။ လက်​တော်၌​ရှိ​သ​မျှ​ကို ကိုယ်​တော်​ကျွန်​များ၊ ကိုယ်​တော်၏​သား​ဒါ​ဝိဒ်​အား သ​နား​တော်​မူ​ပါ​ဟု နှုတ်​ဆက်​ရ​မည်​အ​ကြောင်း​မှာ​ထား၍ လွှတ်​လိုက်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ