ပြည်သားဝယ်သော စပါးအဖိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့သွင်းထားလေ၏။
မြေပြင်တစ်လျှောက်လုံး၌ အစာခေါင်းပါးသောအခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကိုဖွင့်၍ အဲဂုတ္တုလူတို့အားရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်းပါးသတည်း။
ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးအသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်ယောသပ်ထံသို့ လာရောက်ကြ၏။
အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စားစရာကို ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့်သေရပါအံ့နည်းဟု လျှောက်ကြသော်၊
စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။
ထိုမှတစ်ပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။-
သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။-