အလွန်အစာခေါင်းပါး၍ တစ်ပြည်လုံးစားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည်အားလျော့လေ၏။
သို့ဖြစ်၍ အဲဂုတ္တုပြည်၌အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သားစားစရာဖို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရဟု ဖာရောမင်းအားလျှောက်လေ၏။
အာဟပ်ကလည်း၊ တစ်ပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊
ဤအမှုကို နားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ လျှောက်၍မသွားနိုင်အောင်၊ တစ်ပြည်လုံးသည် တောကဲ့သို့မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။
ဓားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေသောသူထက်သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံရ၏။
ခါနာန်ပြည်နှင့် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊-