Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:12

Judson Bible

အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။

ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။

ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

ထို​စ​ကား​အ​တိုင်း ယော​သပ်​သည်​ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​နှင့် အစ်​ကို​တို့​သည် သိုး​နွား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို​ဆောင်​လျက် ခါ​နာန်​ပြည်​က​ရောက်​လာ၍၊ ဂေါ​ရှင်​ပြည်၌​ရှိ​ကြ​ပါ​သည်​ဟု​လျှောက်​သ​ဖြင့်၊

လူ​တို့​ကို​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​စွန်း​မှ​သည် တစ်​စွန်း​တိုင်​အောင် မြို့​တို့​သို့​ပြောင်း​စေ၏။

အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။

ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သူ၏​အ​ဘ​အိမ်၌ ရှိ​သ​မျှ​သော​ဘုန်း​အ​သ​ရေ၊ အ​မျိုး​အ​နွယ်၊ အ​မြတ်​အ​ယုတ်၊ ခွက်​ဖ​လား​ရှိ​သ​မျှ၊ အင်​တုံ၊ အိုး​အ​မျိုး​မျိုး​တို့​ကို သူ၌ ဆွဲ​ထား​ကြ​လိမ့်​မည်။

သင်​တို့​တွင် ဖြည်း​ညင်း​စွာ​ပြု​ကြ၏။ သင်​တို့​ကို ချစ်​သော​ကြောင့် နို့​ထိန်း​သည် မိ​မိ​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့​ကို နှ​မြော​စုံ​မက်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​မျှ​မ​က၊ ကိုယ်​အ​သက်​ကို​ပင် ပေး​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ၏။

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

သူ​သည်​သင်၏​အ​သက်​ကို ပြု​ပြင်​သော​သူ၊ သင်​အ​သက်​ကြီး​သော​အ​ခါ သင့်​ကို​ကောင်း​မွန်​စွာ ပြု​စု​သော​သူ ဖြစ်​ပါ​စေ​သော။ သင့်​ကို​ချစ်၍ သား​ခု​နစ်​ယောက်​ထက် သင့်​အ​ဖို့​သာ၍​ကောင်း​သော သင်၏​ချွေး​မ​သည် သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ