Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:10

Judson Bible

ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊

ဖာ​ရော​မင်း​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယော​သပ်​သည် အ​ဘ​နှင့်​အစ်​ကို​တို့​ကို နေ​ရာ​ချ၍ အဲ​ဂု​တ္တု​ပြည်၌​အ​ကောင်း​ဆုံး​သော​အ​ရပ် ရာ​မ​သက်​မြေ​ကို​အ​ပိုင်​ပေး၏။

ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။

လူ​အ​ပေါင်း​တို့​သည်​လည်း ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင်​ကူး​ပြီး​မှ၊ ဗာ​ဇိ​လဲ​ကို​နမ်း၍ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​သွား၏။

မိ​မိ​ရန်​သူ ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည်​စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ၊ မိ​မိ​သား​ယော​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ယော​ရံ​သည် ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား​တို့​ကို ဆောင်​လျက်​လာ၏။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

လမ်း၌ လျှောက်​သွား​သော​သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော မင်္ဂ​လာ​သက်​ရောက်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ သင်​တို့​ကို ကောင်း​ချီး​ပေး​ကြ၏​ဟု မ​ပြော​မ​ဆို​ရ​ကြ။

ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊

ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။-

ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။

ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ