Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 45:7

Judson Bible

ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။

သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။

ထို​သူ​တို့​သည် လယ်​ကွက်​အ​လယ်၌ ရပ်၍​စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို အ​ထူး​သ​ဖြင့် ကယ်​လွှတ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။

အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-

အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ