အစ်ကိုရှိသမျှတို့အားလည်းအဝတ်လဲစရာဖို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဖို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။
ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။
အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌အဘစားစရာဖို့ စပါး၊ မုန့်၊ ခဲဖွယ်စားဖွယ်များကို ဆောင်သောမြည်းတစ်ဆယ်ကိုပေးလိုက်၏။
ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။
ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကိုလုယူ၍ စကားဝှက်အနက်ကို ဖော်ပြသောသူတို့အား အဝတ်စုံတို့ကိုပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။