ကမ္ဘာဦး 45:16Judson Bibleယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။
ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊-