Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 45:10

Judson Bible

အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။

ထို​စ​ကား​အ​တိုင်း ယော​သပ်​သည်​ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​နှင့် အစ်​ကို​တို့​သည် သိုး​နွား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို​ဆောင်​လျက် ခါ​နာန်​ပြည်​က​ရောက်​လာ၍၊ ဂေါ​ရှင်​ပြည်၌​ရှိ​ကြ​ပါ​သည်​ဟု​လျှောက်​သ​ဖြင့်၊

အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။

ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။

အဲ​ဂု​တ္တ​ပြည်​သည် သင့်​ရှေ့​မှာ​ရှိ၏။ သင်၏​အ​ဘ​နှင့် သင်၏​အစ်​ကို​တို့​ကို အ​ကောင်း​ဆုံး​သော​အ​ရပ် ဂေါ​ရှင်​ပြည်၌​နေ​ရာ​ချ​လော့။ သူ​တို့​တွင် အ​စွမ်း​သ​တ္တိ​ရှိ​သော​သူ​အ​ချို့​တို့​ကို​တွေ့​လျှင် ငါ၏​သိုး​နွား​အုပ်​အ​ရာ၌​ခန့်​ထား​လော့​ဟု ယော​သပ်​အား မိန့်​တော်​မူ၏။

ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

ငါ​သည် မြေ​ကြီး​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​စေ​ခြင်း​ငှာ ငါ၏​လူ​တို့​နေ​ရာ​ဂေါ​ရှင်​ပြည်​ကို ထို​နေ့၌​ငါ​ခြား​နား​စေ၍၊ ထို​ပြည်၌ ယင်​ရဲ​မ​ရှိ​ရ။

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ဂေါ​ရှင်​ပြည်၌ မိုး​သီး​မ​ကျ​မ​ရွာ။

အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-

ထို​အ​ခါ ယော​သပ်​သည် စေ​လွှတ်၍ မိ​မိ​အ​ဘ​ယာ​ကုပ်​နှင့်​တ​ကွ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​ကျိပ်​ငါး​ယောက်​သော မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို ခေါ်​ပင့်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ