Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 44:8

Judson Bible

ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။

စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။

မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။

သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။

ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊

ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။

သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။

အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-

အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-

သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ