Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 44:16

Judson Bible

ယု​ဒ​က​လည်း၊ ကျွန်​တော်​တို့​သည်​သ​ခင်​အား အ​ဘယ်​စ​ကား​ဖြင့် လျှောက်​ရ​ပါ​အံ့​နည်း။ အ​ဘယ်​သို့​ပြော​ရ​ပါ​အံ့​နည်း။ ဤ​အ​မှု​နှင့် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​အံ့​နည်း။ ကိုယ်​တော်​ကျွန်​တို့၏​အ​ပြစ်​ကို ဘု​ရား​သ​ခင်​စစ်၍ တွေ့​တော်​မူ​ပြီ။ အ​ကြင်​သူ၌ ဖ​လား​တော်​ကို​တွေ့၏။ ထို​သူ​မှ​စ၍ ကျွန်​တော်​တို့​ရှိ​သ​မျှ​သည် သ​ခင်၏​ကျွန်​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။

တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။

ထို​သို့​ငါ​မ​ပြု​ရ။ အ​ကြင်​သူ၏​လက်၌ ငါ့​ဖ​လား​ကို​တွေ့၏။ ထို​သူ​သည် ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ဘ​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့​ဟု စီ​ရင်​လေ၏။

ကိုယ်​တော်​ကျွန်​က၊ အ​ကျွန်ုပ်​သည် တစ်​ဖန်​သူ​ငယ်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ အ​စဉ်​မ​ပြတ် အ​ဘ​ရှေ့​မှာ​အ​ပြစ်​ကို​ခံ​ပါ​စေ​ဟု​ဆို​သ​ဖြင့်၊ အ​ဘ​ထံ​မှာ သူ​ငယ်၏​အာ​မ​ခံ​ဖြစ်​ပါ၏။

ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။

မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊

ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။

ကိုယ်​တော်​အား အ​ဘယ်​သို့ ပြန်​လျှောက်​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို ကိုယ်​လက်​နှင့် ပိတ်​ပါ​မည်။

မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

ယ​ခု​မှာ အို​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ငါ​နှင့် ငါ့​စ​ပျစ်​ဥ​ယျာဉ်​အ​မှု​ကို စီ​ရင်​ကြ​ပါ​လော့။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။

ထို​သို့​မ​ပြု​လျှင်​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​ရှိ​သည်​အ​တိုင်း၊ ထို​အ​ပြစ်​သည် သင်​တို့​ကို လိုက်၍​မီ​လိမ့်​မည်။

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-

ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-

ထို​သူ​တို့​သည်​ကြား​ရ​လျှင် စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၍၊ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု ပေ​တ​ရု​မှ​စ၍ အ​ခြား​သော​တ​မန်​တော်​တို့​အား မေး​မြန်း​ကြ၏။-

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

ထို​အိမ်​ထောင် လူ​အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော​အာ​ခန်​ကို မှတ်​တော်​မူ၏။

အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ