Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 43:3

Judson Bible

ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော​စ​ပါး​ကို စား​ကုန်​ပြီး​မှ၊ အ​ဘ​က၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဦး​ဟု​ဆို​၏။

ကျွန်ုပ်​တို့​ညီ​ကို​ထည့်​လျှင်​သွား၍ အ​ဘ​စား​ဖို့​ရာ​ဝယ်​ပါ​မည်။

ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။

ကိုယ်​တော်​က၊ သင်​တို့​ညီ​မ​ပါ​လျှင် သင်​တို့​သည် ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မ​မြင်​ရ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။

ရှင်​ဘု​ရင်​က​လည်း၊ မိ​မိ​အိမ်​သို့​သွား​စေ။ ငါ့​မျက်​နှာ​ကို မ​မြင်​စေ​နှင့်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ဗ​ရှ​လုံ​သည် မိ​မိ​အိမ်​သို့​သွား၍ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို မ​မြင်​ရ။

အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို​မ​မြင်​ရ​ဘဲ နှစ်​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့၌​နေ​ပြီး​မှ၊

အ​ဗ​ရှ​လုံ​က၊ ငါ​သည် ဂေ​ရှု​ရ​မြို့​မှ အ​ဘယ်​ကြောင့် လာ​ရ​သ​နည်း။ ထို​မြို့၌ ယ​ခု​တိုင်​အောင် နေ​ကောင်း​သည်​ဟု လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​ဟု ငါ​ခေါ်၏။ ယ​ခု​မှာ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို ငါ​မြင်​ရ​ပါ​စေ။ အ​ပြစ်​ရှိ​လျှင် သတ်​တော်​မူ​ပါ​စေ​ဟု ယွာ​ဘ​အား​ပြော​ဆို​သော်၊

ဒါ​ဝိဒ်​က​လည်း ကောင်း​ပြီ။ သင်​နှင့်​ငါ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်။ သို့​ရာ​တွင် ငါ​တောင်း​စ​ရာ​တစ်​ခု​ရှိ၏။ ငါ့​မျက်​နှာ​ကို​မြင်​အံ့​သော​ငှာ လာ​သော​အ​ခါ၊ ရှော​လု​သ​မီး မိ​ခါ​လ​ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မ​ဟုတ် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြန်​ဆို၏။

ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။-

နောက်​တစ်​ဖန် သူ၏​မျက်​နှာ​ကို မ​မြင်​ရ​ဟူ​သော စ​ကား​ကြောင့် သာ၍​ကြေ​ကွဲ​သော​စိတ်​နှင့် ပေါ​လု​ကို သင်္ဘော​သို့ ပို့​လိုက်​ကြ၏။

အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ