Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 43:18

Judson Bible

ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။

စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။

ညီ​အစ်​ကို​တို့​အား​လည်း ကျွန်ုပ်​ငွေ​ကို​ပြန်​ထား​ပြီ။ ကြည့်​ပါ၊ အိတ်​ထဲ​မှာ​ရှိ​သည်​ဟု​ဆို​သော်၊ သူ​တို့​သည်​စိတ်​နှ​လုံး​လျော့၍ ကြောက်​လန့်​လျက်၊ ငါ​တို့၌​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ဤ​အ​မှု​သည် အ​ဘယ်​အ​မှု​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက်​ဆို​ကြ၏။

မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။

ဝန်​စာ​ရေး​ပြု​၍၊ သူ​တို့​ကို ယော​သပ်​အိမ်​သို့​ခေါ်​သွား​၏။

ယော​သပ်​၏​ဝန်​စာ​ရေး​အ​နီး​သို့ ချဉ်း​ကပ်၍ အိမ်​တံ​ခါး​နား​မှာ​နှုတ်​ဆက်​လျက်၊

ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။

သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။

ကျယ်​သော တွင်း​ပေါက်၌ ဝင်​သ​ကဲ့​သို့၊ ငါ့​ကို​တိုက်၍ ဖြို​ဖျက်​ရာ​ကို ခို​လှုံ​လျက်၊ ငါ့​ထံ​သို့ တစ်​ဟုန်​တည်း ပြေး​လာ​ကြ၏။

သို့​ဖြစ်၍ ကြောက်​လန့်​စ​ရာ​မ​ရှိ​သော်​လည်း၊ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို​ဝန်း​ရံ၍ တပ်​ချ​သော​သူ၏​အ​ရိုး​တို့​ကို ဘု​ရား​သ​ခင်​သည် ဖ​ရို​ဖ​ရဲ​ကွဲ​ပြား​စေ​တော်​မူ​မည်။ သူ​တို့​ကို ဘု​ရား​သ​ခင် ရှုတ်​ချ​တော်​မူ​သော​ကြောင့်၊ သင်​သည် သူ​တို့​ကို​အ​ရှက်​ခွဲ​ရ​လိမ့်​မည်။

ထို​အ​မှု​ကို​နား​လည်​ရ​အောင် ဆင်​ခြင်​သော​အ​ခါ အ​လွန်​ခက်​သည်​ဟု ထင်​ပါ၏။

ရှု​ရိ​ပြည်​သည် ဧ​ဖ​ရိမ်​ပြည်​ကို အ​မှီ​ပြု​သည်​ဟု ဒါ​ဝိဒ်​မင်း​မျိုး​ကြား​သော​အ​ခါ၊ တော၌​သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့၊ မင်း​ကြီး၏​နှ​လုံး​နှင့် ပြည်​သား​တို့၏​နှ​လုံး​သည် တုန်​လှုပ်​လျက်​ရှိ​ကြ၏။

ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊

ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။-

အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ၍၊ ငါ၌ အ​မျိုး​မျိုး​သော လော​ဘ​တို့​ကို ဖြစ်​စေ၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ အ​ပြစ်​တ​ရား​သေ၏။-

ငါ​သည် ဤ​မိန်း​မ​နှင့် ထိမ်း​မြား​ဆက်​ဆံ​သော​အ​ခါ၊ က​ညာ​မ​စစ်​ကြောင်း​ကို သိ​ရ​ပြီ​ဟု ထို​မိန်း​မ၌ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို​ပြု၍ သူ့​အ​သ​ရေ​ကို​ဖျက်​လျှင်၊

သင်၏​သ​မီး​သည် က​ညာ​မ​စစ်​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု​ဆို​လျက် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို ပြု​ပါ၏။ သို့​ရာ​တွင် ဤ​သည်​ကား၊ အ​ကျွန်ုပ်​သ​မီး၏ က​ညာ​လ​က္ခ​ဏာ​သက်​သေ ဖြစ်​ပါ၏​ဟု အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​လျက် ထို​အ​ဝတ်​ကို သူ​တို့​ရှေ့​မှာ​လှန်၍ ပြ​ရ​မည်။

မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊

ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အား​ဖြင့်၊ ရှံ​ဆုန်​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​မှု​ရှာ​ကြောင်း​ကို မိ​ဘ​တို့​သည် မ​ရိပ်​မိ​ကြ။ ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ