Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:6

Judson Bible

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊

ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊

သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။

ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။

ယော​သပ်​ပြော​သည်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သော​နှစ်​တို့​သည် ရောက်​စ​ရှိ၏။ ထို​အ​ခါ ခပ်​သိမ်း​သော​ပြည်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​သော်​လည်း အဲ​ဂု​တ္တု​ပြည်၌ ဆန်​စ​ပါး​ရှိ​သေး၏။

ခပ်​သိမ်း​သော​ပြည်​တို့၌​လည်း အ​လွန်​အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အ​သီး​အ​သီး​သော​ပြည်​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​ယော​သပ်​ထံ​သို့ လာ​ရောက်​ကြ၏။

ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။

ယော​သပ်​သည် အ​သက်​ရှင်​သေး၏။ အဲ​ဂု​တ္တု​ပြည်​လုံး​ကို​အုပ်​စိုး​ရ၏​ဟု ကြား​ပြော​ကြ​သည်​ရှိ​သော်၊ ယာ​ကုပ်​သည်​စိတ်​နှ​လုံး​လျော့၏။ သူ​တို့​စ​ကား​ကို မ​ယုံ​နိုင်။

သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။

ယော​သပ်​သည်​လည်း၊ သား​တို့​ကို​အ​ဘ၏​ဒူး​ကြား​မှ​ထုတ်၍ အ​ဘ​ရှေ့၌​ဦး​ညွှတ်​ချ​စေ၏။

စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-

လူ​က​လေး​သွား​သော​နောက်၊ ဒါ​ဝိဒ်​သည် တောင်​မျက်​နှာ​အ​ရပ်​က ထ၍ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​လျက် သုံး​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပြီး​လျှင်၊ သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​နမ်း​လျက် မျက်​ရည်​ကျ​လျက်၊ ဒါ​ဝိဒ်​သည်​သာ၍ ပြု​သည်​တိုင်​အောင် ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ