ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှာ လာကြ၏။
ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။
အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။
ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးအသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်ယောသပ်ထံသို့ လာရောက်ကြ၏။
ထိုနောက် ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင်လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကိုသတ်တတ်သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူတစ်ယောက်သည်ထ၍၊ မြေတစ်ပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတ္တံ့ဟု ဝိညာဉ်တော်အားဖြင့် ဖော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိလက်ထက်၌ ဖြစ်သတည်း။-
ခါနာန်ပြည်နှင့် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊-