အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊
ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။
အဲဂုတ္တုပြည်မှဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဖို့ရာဝယ်ပါမည်။
ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။
အလျင်အမြန်ထ၍ အဘထံသို့သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။
ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။-
ငါတို့အဘများကို ပထမအကြိမ်တွင် စေလွှတ်လေ၏။-