Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:19

Judson Bible

သင်​တို့​သည်​ဖြောင့်​မတ်​သော​သူ​မှန်​လျှင်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ထောင်​အိမ်၌​အ​ချုပ်​ခံ​လျက်​နေ​စေ​ပြီး​လျှင်၊ ကြွင်း​သော​သူ​တို့​မူ​ကား သွား​ကြ​လော့။ အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် စ​ပါး​ကို​ယူ၍​သွား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​အ​ချုပ်​ခံ​ရာ​ထောင်​တည်း​ဟူ​သော ကိုယ်​ရံ​တော်​မှူး၏​အိမ်၌ ချုပ်​ထား​တော်​မူ၏။

မြေ​ပြင်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​သော​အ​ခါ၊ ယော​သပ်​သည် စ​ပါး​ကျီ​ရှိ​သ​မျှ​တို့​ကို​ဖွင့်၍ အဲ​ဂု​တ္တု​လူ​တို့​အား​ရောင်း​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ အ​စဉ်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သ​တည်း။

ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။

သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊

အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။

သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။

ထို​ပြည်​ကို အုပ်​စိုး​သော​သ​ခင်​က၊ သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​မှန်​သည်​ကို အ​ဘယ်​သို့ ငါ​သိ​နိုင်​မည်​နည်း​ဆို​သော်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ငါ့​ထံ၌​ထား​ရစ်​ကြ​လော့။ သင်​တို့​အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် အ​စာ​ကို​ယူ၍ သွား​ကြ​လော့၊

အ​ဘ​အား​လည်း အဲ​ဂု​တ္တု​ပြည်၏​ကောင်း​သော​အ​ရာ​တို့​ကို​ဆောင်​သော မြည်း​တစ်​ဆယ်၊ လမ်း​ခ​ရီး၌​အ​ဘ​စား​စ​ရာ​ဖို့ စ​ပါး၊ မုန့်၊ ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ဆောင်​သော​မြည်း​တစ်​ဆယ်​ကို​ပေး​လိုက်၏။

ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။

လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။

မင်း​များ​တို့​သည် အ​မျက်​ထွက်၍ ယေ​ရ​မိ​ကို ရိုက်​ပြီး​မှ၊ စာ​ရေး​တော်​ယော​န​သန်၏​အိမ်၌ လှောင်​ထား​ကြ၏။ ထို​အိမ်​ကို လှောင်​အိမ်​လုပ်​နှင့် သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ