Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:15

Judson Bible

သင်​တို့​ကို အ​ဘယ်​သို့​စုံ​စမ်း​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ငယ်​ဆုံး​သော​ညီ မ​လာ​လျှင်၊ ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့​သည် ဤ​အ​ရပ်​မှ​မ​ထွက်​မ​သွား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က​လည်း၊ မ​ဟုတ်​ဘူး။ ပြည်​တော်၌​အား​နည်း​သော အ​ရပ်​ကို​ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​ပြန်၏။

ယော​သပ်​က၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏​ဟု ငါ​ဆို​သည်​အ​ရာ​မှာ၊

သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊

အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။

ထို​ပြည်​ကို​အုပ်​စိုး​သော​သူ​သည် ကြမ်း​တမ်း​စွာ​ပြော​လျက်၊ ကျွန်ုပ်​တို့​ကို ထို​ပြည်၌ သူ​လျှို​လုပ်​သူ​ဟူ၍ မှတ်​လေ၏။

အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည် သူ​လျှို​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​ကို ငါ​သိ​လိမ့်​မည်။ သင်​တို့​ညီ​အစ်​ကို ကို​လည်း ငါ​ပြန်၍​အပ်​မည်။ သင်​တို့​သည် ပြည်​တော်၌ ဖောက်​ကား​ရောင်း​ဝယ်​ရ​ကြ​မည်​ဟု​ဆို​ကြောင်း​ကို ကြား​ပြော​ကြ​ပြီး​မှ၊

ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။

ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။

ထို​သို့​သော​အ​ပြစ်​မှ သင့်​ကို အ​ဘယ်​သို့ ငါ​လွှတ်​နိုင်​သ​နည်း။ သင်၏​သား​သ​မီး​တို့​သည် ငါ့​ကို​စွန့်၍၊ ဘု​ရား​မ​ဟုတ်​သော သူ​တို့​ကို တိုင်​တည်​လျက် ကျိန်​ဆို​ကြ​ပြီ။ ငါ​သည် ဝ​စွာ​ကျွေး​သော​အ​ခါ သူ​တို့​သည် ပြည်​တန်​ဆာ​အိမ်၌ စည်း​ဝေး၍ မှား​ယွင်း​ကြ​ပြီ။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။

ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။

ကိုယ်​တော် အ​သက်​ရှင်​သည်​အ​တိုင်း၊ ကျွန်​မ​သည် ယ​မန်​တစ်​ခါ ဤ​အ​ရပ်၌ ကိုယ်​တော်​အ​နား​မှာ​ရပ်​လျက် ဆု​တောင်း​သော​မိန်း​မ ဖြစ်​ပါ၏။

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊

ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ