ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။
ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။
သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တစ်ယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှမထွက်မသွားရ။
နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်းအလုံးစုံကို သိအံ့သောငှာသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊