Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:55

Judson Bible

နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် မွတ်​သိပ်​သော​အ​ခါ စား​စ​ရာ​ကို​ရ​ပါ​မည်​အ​ကြောင်း ဖာ​ရော​မင်း​ထံ၌​ကြွေး​ကြော်​ကြ၏။ ဖာ​ရော​မင်း​က​လည်း၊ ယော​သပ်​ထံ​သို့​သွား​ကြ၊ သူ​စီ​ရင်​သည်​အ​တိုင်း​ပြု​ကြ​ဟု အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မြေ​ပြင်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​သော​အ​ခါ၊ ယော​သပ်​သည် စ​ပါး​ကျီ​ရှိ​သ​မျှ​တို့​ကို​ဖွင့်၍ အဲ​ဂု​တ္တု​လူ​တို့​အား​ရောင်း​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ အ​စဉ်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သ​တည်း။

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-

ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-

ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်၌ ကျိန်း​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ