Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:54

Judson Bible

ယော​သပ်​ပြော​သည်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သော​နှစ်​တို့​သည် ရောက်​စ​ရှိ၏။ ထို​အ​ခါ ခပ်​သိမ်း​သော​ပြည်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​သော်​လည်း အဲ​ဂု​တ္တု​ပြည်၌ ဆန်​စ​ပါး​ရှိ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နွား​တို့​နောက်​ထွက်​လာ​သော​နွား၊ ပိန်၍​အ​ရုပ်​ဆိုး​သော နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ဖျင်း​ခု​နစ်​နှံ​တို့​သည်​လည်း၊ အ​စာ​ခေါင်း​ပါး​သော ခု​နစ်​နှစ်​ဖြစ်​ပါ၏။

ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။

ထို​နောက် အဲ​ဂု​တ္တု​ပြည်၌​ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ကုန်​လေ၏။

အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊

ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊

ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။

အ​လွန်​အ​စာ​ခေါင်း​ပါး၍ တစ်​ပြည်​လုံး​စား​စ​ရာ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​နှင့် ခါ​နာန်​ပြည်​သည်​အား​လျော့​လေ၏။

တစ်​ဖန် ဧ​လိ​ရှဲ​သည် အ​ထက်​က အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​ကို​ခေါ်၍၊ သင်​သည် အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ထ​သွား​လော့။ တည်း​ခို၍​နေ​နိုင်​သော​အ​ရပ် တစ်​စုံ​တစ်​ရပ်၌ တည်း​ခို၍​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စာ​ခေါင်း​ပါး​ရာ​ကာ​လ​ကို မှာ​လိုက်​တော်​မူ​ပြီ။ တစ်​ပြည်​လုံး၌ ခု​နစ်​နှစ်​ခေါင်း​ပါး​လိမ့်​မည်​ဟု သ​တိ​ပေး၏။

တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊

ခါ​နာန်​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ရှိ၍ ငါ​တို့​အ​ဘ​များ၌ စား​စ​ရာ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​မှာ ဆန်​စ​ပါး​ရှိ​သည်​ဟု ယာ​ကုပ်​သည်​ကြား​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ