ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။
နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွားများစေတော်မူပြီဟု ဆိုသတည်း။
ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။
မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။-