Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:52

Judson Bible

နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။

သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

ထို​နောက် အဲ​ဂု​တ္တု​ပြည်၌​ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ကုန်​လေ၏။

နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။

မ​နာ​ရှေ​သည်​သား​ဦး​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​သည် မိ​မိ​လက်​တို့​ကို​ဆန့်၍ လိ​မ္မာ​စွာ​ပဲ့​ပြင်​လျက်၊ အ​သက်​ငယ်​သော​သူ​ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပြီး​လျှင်၊ လက်​ဝဲ​လက်​ကို မ​နာ​ရှေ၏​ခေါင်း​ပေါ်​မှာ​တင်၏။

သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။

ယော​သပ်​သည်​သန်​သော​ပျိုး​ပင်၊ ရေ​တွင်း​နား​မှာ သန်​သော​ပျိုး​ပင်​ဖြစ်၏။ အ​ခက်​အ​လက်​တို့​သည် အုတ်​ရိုး​ပေါ်​မှာ​ကျော်​သွား​ကြ​၏။

ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။

စ​ပျစ်​ရည်​ကို ဖ​လား​နှင့်​သောက်၍၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ​နှင့် လိမ်း​ခြင်း​တို့​ကို​ပြု၍၊ ယော​သပ်​အ​မျိုး ဆင်း​ရဲ​ခံ​ရ​သည်​ကို စိတ်​မ​နာ​ကျင်​ဘဲ​နေ​သော၊

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​တွင်

အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-

ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။

ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။

ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ