Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:51

Judson Bible

သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။

အ​စာ​ခေါင်း​ပါး​သော​နှစ်​မ​ရောက်​မီ၊ ယော​သပ်​သည် ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​တွင် သား​နှစ်​ယောက်​တို့​ကို မြင်​ရ၏။

နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။

သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။

ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။

ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​သော​အ​ခွင့်​ရှိ၏။

ငါ့​သ​မီး​နား​ထောင်​လော့။ ဆင်​ခြင်၍ နာ​ယူ​လော့။ ကိုယ်​အ​မျိုး​သား​ချင်း​နှင့် ကိုယ်​အ​ဘ၏​အိမ်​ကို မေ့​လျော့​လော့။

ထို​သူ​တို့​သည်​သောက်၍ မိ​မိ​ဒု​က္ခ​ဆင်း​ရဲ​ကို မ​အောက်​မေ့​ဘဲ မေ့​လျော့​ပါ​စေ။

ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။

မြေ​ကြီး​ပေါ်​မှာ မိ​မိ​ကို​မိ​မိ ကောင်း​ချီး​ပေး​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကောင်း​ချီး​ပေး​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ကျိန်​ဆို​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရင်​အ​မှု​တို့​ကို မေ့​လျော့​ရ၏။ ငါ့​မျက်​မှောက်၌ ကွယ်​ပျောက်​လျက်​ရှိ​ကြ၏။

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​တွင်

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။

ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ