ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။
ဝပြောသောနှစ်ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့သည် အလွန်များပြားကြ၏။
စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍ မရေတွက်နိုင်အောင်များသောကြောင့် မရေတွက်ဘဲနေသတည်း။
လူတို့ကိုကား၊ အဲဂုတ္တုပြည်တစ်စွန်းမှသည် တစ်စွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။