ဝပြောသောနှစ်ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့သည် အလွန်များပြားကြ၏။
ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ချင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းချီးပေးတော်မူသဖြင့်၊
အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် ဝပြောသောနှစ်ခုနစ်နှစ်ရှိလိမ့်မည်။
ယောသပ်သည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ်ရှိသတည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တစ်လျှောက်လုံး သို့သွားလေ၏။
ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။
ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။