ကျွန်တော်တို့၌ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင်တစ်ယောက်ရှိ၏။ ထိုသူအားကျွန်တော်တို့သည် ကြားပြော၍ သူသည်အိပ်မက်၏အနက်ကို ဖတ်ပါ၏။ တစ်ယောက်စီမြင်မက်သည်အတိုင်း ဖတ်ပါ၏။
ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ဆောင်သွား၍၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖာထံမှာရောင်းကြ၏။
ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။
ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။
ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။