ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကိုအမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊
ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ဆောင်သွား၍၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖာထံမှာရောင်းကြ၏။
ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။