သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။
ထိုနောက်နှစ်နှစ်လွန်သောအခါ၊ ဖာရောမင်းသည် အိပ်မက်ကိုမြင်မက်သည်ကား၊ မိမိသည် မြစ်နား၌ရပ်နေ၏။
ထိုအခါဖလားတော်ဝန်က၊ ကျွန်တော်သည်ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။
ရှင်ဘုရင်က၊ ထိုအကြံကို ဖော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆု အဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့က၊ အဘယ်ဆုကိုမျှ ပေးတော်မမူပါသေးဟု ပြန်လျှောက်ကြ၏။
ငါ့ပေါက်ဖော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။
သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စုံစမ်းခြင်းကိုခံရ၏။
မအောက်မေ့သောအသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ်ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏။
စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဖိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မနာကျင်ဘဲနေသော၊