Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 40:11

Judson Bible

ဖာ​ရော​မင်း၏​ဖ​လား​တော်​ကို​ငါ​ကိုင်​လျက်၊ ထို​စ​ပျစ်​သီး​ကို​ယူ၍ ဖ​လား​တော်၌​ညှစ်​ပြီး​မှ လက်​တော်​တွင်​ဆက်​သည်​ဟု​ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။

ထို​စ​ပျစ်​နွယ်​ပင်၌ အ​လက်​သုံး​လက်​ရှိ၏။ ထို​အ​လက်​တို့၌​ပန်း​ငုံ​ကဲ့​သို့​ရှိ၏။ အ​ပွင့်​လည်း​ပွင့်၏။ အ​သီး​ပြွတ်​တို့​လည်း မှည့်​သော​စ​ပျစ်​သီး​ဖြစ်​လေ​၏။

ယော​သပ်​က​လည်း သင်၏​အိပ်​မက်​အ​နက်​ဟူ​မူ​ကား၊ စ​ပျစ်​နွယ်​သုံး​လက်​တို့​သည် သုံး​ရက်​ဖြစ်​၏။

အိပ်​မက်​အ​နက်​ကို ယော​သပ်​ဖတ်​သည်​အ​တိုင်း၊ ဖ​လား​တော်​ဝန်​ကို အ​ထက်​အ​ရာ၌ တစ်​ဖန်​ခန့်​ထား​တော်​မူ​သ​ဖြင့်၊ သူ​သည်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင် ဆက်​မြဲ​ဆက်​ရ​၏။

မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။

စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊

စား​ပွဲ​တော် တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​နှင့် သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။

သင်​နှင့် သင်၏​သား​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ သွန်​သင်​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော​အ​ခါ၊ စ​ပျစ်​ရည်​အ​စ​ရှိ​သော ယစ်​မျိုး​ကို​မ​သောက်​နှင့်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ