Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 40:1

Judson Bible

ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​မင်း၏​ဖ​လား​တော်​ကို​ငါ​ကိုင်​လျက်၊ ထို​စ​ပျစ်​သီး​ကို​ယူ၍ ဖ​လား​တော်၌​ညှစ်​ပြီး​မှ လက်​တော်​တွင်​ဆက်​သည်​ဟု​ပြော​ဆို​၏။

သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို​ချီး​မြှောက်၍ သင်၏​အ​ရာ​ကို​ပြန်​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည်​အ​ထက်​က​ဖ​လား​တော်​ဝန်​ဖြစ်၍ ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင်​ဆက်​မြဲ ဆက်​ရ​လိမ့်​မည်။

ထို​အိပ်​မက်​အ​နက်​ကောင်း​သည်​ကို စား​တော်​ဝန်​သိ​မြင်​လျှင်၊ ငါ​သည်​လည်း ဖြူ​သော​တောင်း​သုံး​လုံး​ကို ကိုယ်​တိုင်​ရွက်​နေ​သည်​ကို မြင်​မက်​၏။

ဖာ​ရော​ဘု​ရင်​သည် ထို​အ​မတ်​နှစ်​ယောက်​တည်း​ဟူ​သော ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​ကို​အ​မျက်​ထွက်၍၊

ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။

ထို​အ​ခါ​ဖ​လား​တော်​ဝန်​က၊ ကျွန်​တော်​သည်​ကိုယ်​အ​ပြစ်​ကို ယ​နေ့​အောက်​မေ့​ပါ​၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ