Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 4:8

Judson Bible

ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

ကိုယ်​တော်​ကျွန်​မ၌ သား​နှစ်​ယောက်​ရှိ​ပါ၏။ ထို​သား​နှစ်​ယောက်​တို့​သည် ခိုက်​ရန်​ပြု​ကြ​ပါ၏။ ဖျန်​ဖြေ​သော​သူ​မ​ရှိ​သော​ကြောင့် တစ်​ယောက်​သည်​တစ်​ယောက်​ကို သေ​သည်​တိုင်​အောင် လုပ်​ကြံ​ပါ၏။

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။

ယ​ဟော​ရံ​သည် ခ​မည်း​တော်​နိုင်​ငံ၌ တည်​သော​အ​ခါ၊ ကိုယ်​ကို​ခိုင်​ခံ့​စေ၍၊ ညီ​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​မှူး​တော် မတ်​တော်​တ​ချို့​တို့​ကို​လည်း​ကောင်း၊ ဓား​နှင့်​သတ်​လေ၏။

သ​မ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​က လာ​ပါ။ ဩ​နော​ချိုင့်​တွင် ခေ​ဖိ​ရိမ်​ရွာ​မှာ တွေ့​ကြ​ကုန်​အံ့​ဟု မ​ကောင်း​သော အ​ကြံ​ရှိ၍ ငါ့​ကို​မှာ​လိုက်​ကြ၏။

အ​ညစ်​အ​ကြေး​နှင့်​ကင်း​လွတ်​သော မျက်​နှာ​ကို ပြ​ရ​လိမ့်​မည်။ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​မ​ရှိ၊ တည်​ကြည်​လိမ့်​မည်။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​တ​ရား​သော​သူ​တို့​ကို ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။

သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။

သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။

သူ​တစ်​ပါး​ကို အ​ငြိုး​ထား၍​တွန်း​ချ​သော်​လည်း​ကောင်း၊ သေ​စေ​ခြင်း​ငှာ ချောင်း​မြောင်း၍ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​သော်​လည်း​ကောင်း၊

ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​တို့​သည် ထို​စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။

ယေ​ရှု​က​လည်း၊ ယု​ဒ သင်​သည် နမ်း​ခြင်း​ကို ပြု​လျက် လူ​သား​ကို​အပ်​သ​လော​ဟု မေး​တော်​မူ၏။-

အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။

သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ