Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 4:6

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။

ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​မျက်​ထွက် ကောင်း​သ​လော​ဟု မေး​တော်​မူ၏။

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ကြက်​ဆူ​ပင်​အ​တွက် အ​မျက်​ထွက်​ကောင်း​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယော​န​က၊ အ​ကျွန်ုပ်​သည် အ​သက်​သေ​သည်​တိုင်​အောင် အ​မျက်​ထွက်​ကောင်း​ပါ​သည်​ဟု လျှောက်​ဆို၏။

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ