လာမက်သည်၊ အာဒနှင့် ဇိလအမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၍၊
ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။
ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။
အာဒသည် သားယာဗလကိုဖွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူတို့၏ အဘဆရာဖြစ်လေသတည်း။
လာမက်ကလည်း၊ အာဒနှင့် ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတစ်ယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတစ်ယောက်ကို ငါသတ်ခဲ့ပြီ။
ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဖက်၍ သားသမီးတို့ကို မြင်ရ၏။
ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။-