ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။
ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊
ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကိုဖွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍ မိမိသား၏အမည်အလိုက်၊ ထိုမြို့ကိုဧနောက်မြို့ဟု သမုတ်လေ၏။
လာမက်သည်၊ အာဒနှင့် ဇိလအမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၍၊
ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။
မသုရှလသည် အသက်တစ်ရာရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကို မြင်လေ၏။